Tuesday, September 25, 2007
Monday, September 24, 2007
ဒီအတိုင်းပဲဆက်သွားတော့မှာလား?
ဒီနေ့ကတော့ နိုင်ငံပိုင်သတင်းစာတွေမှာ နိုင်ငံတော်အစိုးရရဲ့ သဘောထားကြီးမှုပြသတဲ့ ပေါ်လစီဆောင်းပါးတစ်ပုဒ်ဖြစ်စေဖို့ အများပြည်သူသံဃာထု ပင်ပန်းလိုက်ရသလိုပါပဲ။ အတိုက်အခံခေါင်းဆောင်တွေ ဘယ်မှာအိပ်နေကြလဲ။ ဘယ်တော့ ဘာတွေဖြစ်လာမှာလဲ။ ကြာရင်ဒီအတိုင်းပဲ ပြီးသွားတော့မှာလား။ လူတွေရဲ့ လားမလို အားမရသံ၊ စိတ်ပျက်ငြီးညူသံတွေ စကြားရပါပြီ။
Posted by
စိန်ခလုတ်
at
6:22 PM
3
comments
Sunday, September 23, 2007
ယနေ့လမ်းလျှောက်မှုမှတ်တမ်း ဗီဒီယို
ဒီနေရာမှာ Download လုပ်ယူပြီးကြည့်ပါ။
Posted by
စိန်ခလုတ်
at
2:55 PM
0
comments
သံဃာတော်များ ရန်ကုန်မြို့တွင်းသို့ ချီတက်




သံဃာတော်၊ သီလရှင်နှင့် လူထုပါဝင်သော လမ်းလျှောက်ပွဲကို ယနေ့ ဆက်လက်ဆောင်ရွက် လျက်ရှိပြီး၊ ဦးရေအများဆုံးလည်း ဖြစ်သည်။
Posted by
စိန်ခလုတ်
at
2:26 PM
0
comments
ဇာဂနာထွက်လာတော့မှာလား?
“အခုလို မိုးထဲရေထဲမှာ ဆရာတော်တွေကအပင်ပန်းခံနေပြီး ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့တွေက အိမ်ထဲမှာငုတ်တုတ်ထိုင်ပြီးတော့ စားစရာလေးစားလိုက်၊ ရုပ်ရှင်လေးကြည့်လိုက်၊ ဗီဒီယိုလေးကြည့်လိုက်လုပ်နေရတဲ့ဘ၀ကို ကိုယ့်ကိုယ်ကိုယ်တောင် ရွံမိပါတယ်” _RFA
Posted by
စိန်ခလုတ်
at
9:31 AM
0
comments
Saturday, September 22, 2007
10,000 protest against Myanmar gov't

Photo: AFP, Reuters
YANGON, Myanmar - Myanmar police allowed a group of more than 500 Buddhist monks to march Saturday past the house where opposition leader Aung San Suu Kyi is detained, witnesses said, on a day that saw some of the largest protests since 1988.
More...
Posted by
စိန်ခလုတ်
at
6:07 PM
0
comments
စက်မှု(၁)လမ်းမကြီးအတိုင်း ကြွချီလာသော သံဃာတော်များနှင့် လူထုပရိသတ်


ကြွချီရာလမ်းတစ်လျှောက် သံဃာစု (၃)ကြိမ်ခွဲခဲ့ကာ ယင်းသံဃာစုနောက်သို့ လူထုက အသီးသီးလူစုခွဲကာ လိုက်ပါခဲ့ကြသည်။ ယခုအစုမှာ နောက်ဆုံးအစုဖြစ်သည်။
Posted by
စိန်ခလုတ်
at
5:16 PM
1 comments
သံဃာတော်များဆက်လက်ချီတက်
ယနေ့နေ့လည် ၂ နာရီ ၃၀ ခန့်က ရန်ကုန်မြို့တွင် သံဃာတော်များ ဆက်လက်ချီတက်လျက်ရှိသည်ကို ဆူလေစေတီအနီးတွင် တွေ့ရှိခဲ့ရသည်။ ကင်မရာပါမသွားသည့်အတွက် ဓာတ်ပုံမရခဲ့ပါ။ ဓာတ်ပုံရရှိပါက ဖော်ပြပေးပါဦးမည်။
Posted by
စိန်ခလုတ်
at
2:57 PM
0
comments
ရန်ကုန်မြို့ မြို့နယ်အချို့ရေမြုပ်



မိုးရွာပြီးရေလျှံနေတော့ လိုင်းကားတွေ၊ တက္ကစီတွေ မရတာနဲ့ လမ်းလျှောက်ပြန်နေကြတာပါ။ ဆူလေကနေ ရန်ကင်း၊ မရမ်းကုန်းထိတောင် ပြန်တဲ့သူတွေရှိပါတယ်။
တက္ကစီတစ်စီးထိုးရပ်လာရင် လူတွေဝိုင်းအုံပြီး အလုအယက်ငှားကြရပါတယ်။ ဒါပေမယ့် ဘယ်သူနောက်မှ မလိုက်ပါဘူးတဲ့။ ဒီနေ့နံနက်ထိတောင် အချို့နေရာတွေ ရေမြုပ်ဆဲပါ။
Posted by
စိန်ခလုတ်
at
11:36 AM
1 comments
တပ်လိုင်းခန်းတစ်ခုပြိုကျ
မဟာဝိဇယစေတီတော်အနီး ဆက်သွယ်ရေးတပ်မြေအတွင်းရှိ စစ်တပ်လိုင်းခန်းတစ်ခု ရေတိုက်စားပြိုကျခဲ့ပါတယ်။
တစ်ထပ်တိုက် ခြောက်ခန်းတွဲဖြစ်ပြီး ၂၁ ရက်နေ့ည ၈ နာရီ ၃၀ မှစကာ အနောက်ဖက်ခြမ်း တဖြည်းဖြည်းပြိုကျလာခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက် ၉ နာရီ ၃၀ ၀န်းကျင်တွင် အမိုးပိုင်းမှာ ပြုတ်ကျလာခဲ့ပြီး ယင်းခြောက်ခန်းတွဲအနက်မှ တစ်ခန်းဝက်ကျော် ကျန်ရှိနေသေးသည်။
တစ်စုံတစ်ယောက်မှ ဒဏ်ရာရရှိခဲ့ခြင်းမရှိဟု စုံစမ်းသိရပါတယ်။
တပ်မြေဖြစ်သည့်အတွက် ဓာတ်ပုံရိုက်ယူခွင့်မရရှိခဲ့ပါ။
Posted by
စိန်ခလုတ်
at
10:48 AM
0
comments
မန္တလေးလှုပ်ရှားမှု
ယနေ့နံနက် မန္တလေးအိမ်တော်ရာဘုရားမှာ သံဃာအပါး ၂၀၀၀ ကျော်စုရုံးရောက်ရှိနေတဲ့အတွက် ဒါဟာ မန္တလေးမြို့ရဲ့ ပထမဆုံးအကြိမ် အကြီးဆုံးလှုပ်ရှားမှုဖြစ်မယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Posted by
စိန်ခလုတ်
at
10:30 AM
0
comments
Friday, September 21, 2007
နောက်ဆုံးအခြေအနေ
ယနေ့နံနက် ၁၁ နာရီဝန်းကျင်က သံဃာတော်အပါး ၂၀၀ ကျော်ဟာ စွယ်တော်မြတ်စေတီကနေ မယ်လမုစေတီသို့ မိုးသည်းသည်းမှာ ချီတက်ခဲ့ကြောင်း သိရပါတယ်။ (ဓာတ်ပုံမရရှိခဲ့တဲ့အတွက် တောင်းပန်ပါသည်။)
မြို့ထဲဝန်းကျင်မှာတော့ ဒီနေ့အဖို့ တစုံတရာထူးခြားခြင်းမရှိသေးပါ။
လူတွေအားလုံးကတော့ မနေ့ကသံဃာတော်မိန့်ခဲ့တဲ့အတိုင်း ဥပုဒ်နေ့အတွက် အားခဲလျှက်ပါ...
Posted by
စိန်ခလုတ်
at
12:28 PM
0
comments
Thursday, September 20, 2007
ယနေ့ ၁၂ နာရီမှာ စတင်ခဲ့သည့် သံဃာနှင့် လူထုလမ်းလျှောက်ပွဲဟာ ညနေ ၃ နာရီ မိနစ် ၄၀ အချိန်မှာပဲ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါပြီ။




ရွှေတိဂုံဘုရားမှ ဗဟန်း ၃ လမ်း၊ ဗဟန်း ၃ လမ်းမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဆူးလေစေတီကို တစ်ပတ်ပတ်ကာ ကမ်းနားလမ်းရှိ ဗြိတိသျှသံရုံး၊ ကုန်သည်လမ်းရှိ အိန္ဒိယသံရုံးနှင့် အမေရိကန်သံရုံးတို့ရှေ့တွင် ခေတ္တရပ်နားကာ မေတ္တာပို့သခဲ့သည်။
စာတမ်းများလည်းကိုင်ဆောင်ပြသခဲ့ပေမယ့် စာလုံးသေးနေခြင်းနှင့် မိုးရွာသွန်းနေခြင်းကြောင့် သဲကွဲစွာမမြင်ရပါ။ ထိုမှတစ်ဆင့် သိမ်ကြီးဈေးနှင့် ဗိုလ်ချုပ်စေးများကိုဖြတ်သန်းကာ ဆူးလေစေတီသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
သံဃာတော်များနှင့် ပြည်သူအချို့တို့က ဘုရားပေါ်တက်ကာ အတူတကွ ရွတ်ဖတ်မေတ္တာပို့ သာဓုခေါ်ဆိုခဲ့ပါတယ်။ အဲဒီနောက် ဦးဆောင်သံဃာတော်တစ်ပါးက “အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ လိုက်ပါခဲ့တဲ့ ဒကာ ဒကာမ တွေကို အထူးပင်ကျေးဇူးတင်ပါတယ်။ လိုက်ပါသူတွေကို ဒါမှမဟုတ် သံဃာတော်တွေကို နှောက်ယှက်ဖမ်းဆီးမှု တစုံတရာဖြစ်ခဲ့ရင် သံဃာတော်များကိုအသိပေးပါ။ အဲဒီအတွက် သံဃာတော်တို့ အဆင်သင့်ရှိနေပါတယ်”
ပြီးတဲ့အခါ သံဃာတော်နဲ့လူတွေပါ ဘုရားပေါ်က တဖြည်းဖြည်းနဲ့ ဆင်းလာပြီး ဘုရားပတ်လည်မှာရှိတဲ့ လူထုပရိသတ်ကလည်း လက်ခုပ်လက်ဝါးတီး အားပေးခဲ့ရင်း လူစုခွဲခဲ့ကြပါတယ်။
လမ်းတစ်လျှောက်လုံးမှာတော့ လက်ခုပ်လက်ဝါးတီးသူတွေ လက်အုပ်ချီရင်း မျက်ရည်လည်ရွှဲဖြစ်နေသူတွေကိုလည်း တွေ့ရပါတယ်။
Posted by
စိန်ခလုတ်
at
5:05 PM
0
comments
RSS Feed (xml)







































