ရွှေတိဂုံဘုရားမှ ဗဟန်း ၃ လမ်း၊ ဗဟန်း ၃ လမ်းမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဆူးလေစေတီကို တစ်ပတ်ပတ်ကာ ကမ်းနားလမ်းရှိ ဗြိတိသျှသံရုံး၊ ကုန်သည်လမ်းရှိ အိန္ဒိယသံရုံးနှင့် အမေရိကန်သံရုံးတို့ရှေ့တွင် ခေတ္တရပ်နားကာ မေတ္တာပို့သခဲ့သည်။
စာတမ်းများလည်းကိုင်ဆောင်ပြသခဲ့ပေမယ့် စာလုံးသေးနေခြင်းနှင့် မိုးရွာသွန်းနေခြင်းကြောင့် သဲကွဲစွာမမြင်ရပါ။ ထိုမှတစ်ဆင့် သိမ်ကြီးဈေးနှင့် ဗိုလ်ချုပ်စေးများကိုဖြတ်သန်းကာ ဆူးလေစေတီသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
သံဃာတော်များနှင့် ပြည်သူအချို့တို့က ဘုရားပေါ်တက်ကာ အတူတကွ ရွတ်ဖတ်မေတ္တာပို့ သာဓုခေါ်ဆိုခဲ့ပါတယ်။ အဲဒီနောက် ဦးဆောင်သံဃာတော်တစ်ပါးက “အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ လိုက်ပါခဲ့တဲ့ ဒကာ ဒကာမ တွေကို အထူးပင်ကျေးဇူးတင်ပါတယ်။ လိုက်ပါသူတွေကို ဒါမှမဟုတ် သံဃာတော်တွေကို နှောက်ယှက်ဖမ်းဆီးမှု တစုံတရာဖြစ်ခဲ့ရင် သံဃာတော်များကိုအသိပေးပါ။ အဲဒီအတွက် သံဃာတော်တို့ အဆင်သင့်ရှိနေပါတယ်”
ပြီးတဲ့အခါ သံဃာတော်နဲ့လူတွေပါ ဘုရားပေါ်က တဖြည်းဖြည်းနဲ့ ဆင်းလာပြီး ဘုရားပတ်လည်မှာရှိတဲ့ လူထုပရိသတ်ကလည်း လက်ခုပ်လက်ဝါးတီး အားပေးခဲ့ရင်း လူစုခွဲခဲ့ကြပါတယ်။
လမ်းတစ်လျှောက်လုံးမှာတော့ လက်ခုပ်လက်ဝါးတီးသူတွေ လက်အုပ်ချီရင်း မျက်ရည်လည်ရွှဲဖြစ်နေသူတွေကိုလည်း တွေ့ရပါတယ်။
Thursday, September 20, 2007
ယနေ့ ၁၂ နာရီမှာ စတင်ခဲ့သည့် သံဃာနှင့် လူထုလမ်းလျှောက်ပွဲဟာ ညနေ ၃ နာရီ မိနစ် ၄၀ အချိန်မှာပဲ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါပြီ။
Posted by
စိန်ခလုတ်
at
5:05 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment